ဒီ post လေးက သူကျွန်တော့်ကို ပို့လိုက်တဲ့မေးလ်ပါ.. ကြိုက်လို့… သူနဲ့ ကျွန်တော်လည်း အဲလိုချစ်သူတွေလို ဖြစ်စေချင်လို့ သူ့ကို ကျွန်တော်ဘာသာပြန်ပြီး ပြန်ပို့ပေးလိုက်တာ.. အဲဒါကို ကြိုက်လို့ ဒီဘလော့ဂ်မှာ တင်လိုက်ပါ၏….
When she walks away from you mad
[ Follow her ]
သူ စိတ်ဆိုးပြီး အဝေးကိုထွက်သွားတဲ့အခါ
သူ့နောက်, အပြေးလိုက်ပြီး ချော့မယ်……
When she stares at your mouth
[ smile...then kiss her ]
သူက ကိုယ့်ပါးစပ်လေးကို တစိမ့်စိမ့် စိုက်ကြည့်နေတဲ့အခါ
သူ့ကို ပြုံးပြလိုက်မယ်…. ပြီးရင် အချစ်များစွာပါတဲ့ အနမ်းတစ်ခုပေးလိုက်မယ်…. ဟဲဟဲ
When she pushes you or hit’s you
[ hug her tight ]
သူက ချစ်စနိုးနဲ့ ခပ်ခပ်ဖွဖွလေး ထုလိုက်တဲ့အခါ
သူ့ကို အရမ်းချစ်လွန်းလို့ အသက်ရူမှားသွားလောက်အောင် တအားဖက်ပစ်မယ်…..
When she starts cursing at you
[ say i love you ]
သူက တခါတလေ ကျွန်တော့်ကို ကျိန်ဆဲတတ်တယ်ဗျ…
အဲဒီ အခါကျရင်တော့ …. “မေရယ် … မောင်, သိပ်ချစ်ပါတယ်ကွာ……”
When she’s quiet
[ hold her hand and ask what's wrong ]
သူ တခါတလေ ငြိမ်နေရင်တော့
သူ့ လက်မောင်းနှစ်ကို ကိုယ့်လက်နှစ်ဖက်နဲ့ အသာလေး ဆုပ်ကိုင်ပြီး “မေ…. မေ, ဘာဖြစ်နေတာလဲ? မောင့်ကို ပြောပြလေ…. “
When she ignores you
[ act cute so she'll notice you ]
သူက ကိုယ့်ကို စိတ်ဆိုးလို့ ဂရုမစိုက်တဲ့အခါ
သူ့ကို ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ဟိုဟာမေးလိုက် ဒီဟာမေးလိုက် နဲ့ ကိုယ်ပြောချင်တာတွေပြောပစ်လိုက်နဲ့….
အဲဒီ အခါ မောင့်ချစ်သူ , မေ ဟာလည်း တဖြည်းဖြည်းနဲ့ မောင့် အပေါ် စိတ်တွေပြေလာပြီး မောင့်ကို စိတ်ဆိုးပြေလာလိမ့်မယ်…. ဟဲဟဲ….
When she pulls away
[ Pull her back ]
ကိုရီးယားကားထဲကလိုပေါ့….
သူက သဲသောင်ပြင်လို နေရာမျိုးမှာ ကိုယ့်ကို တွန်းလိုက်ရင် ကိုယ်ကလည်း သူ့ကို ပြန်ဆွဲလိုက်မယ်… နှစ်ယောက်လုံး သဲသောင်ပြင်ပေါ်မှာ …………. အိုး!!! ဘာပြောကောင်းမလဲ……
When you see her at her worst
[ tell her you love her and she still looks amazing ]
ငါ့ချစ်သူက ဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမှာဆိုရင်….
“ငါက မင်းချစ်သူပါ….. ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့….. ဘာတွေပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့…. အနည်းဆုံးတော့ မင်းဘေးနားမှာ ငါရှိနေပါတယ်” ……
When you see her start crying
[hold her...ask her what's wrong]
ငါ့ချစ်သူ ငိုနေခဲ့ရင်…..
သူဘာကြောင့် ငိုနေလဲ ဆိုတဲ့ အကျိုးအကြောင်းကို မေးပြီး သူ့ကို အဲဒီပြသနာနဲ့ ပတ်သက်ပြီး ကူဖြေရှင်းပေးလိုက်မှာပေါ့!
When you see her walking
[ approach her.. give a kiss on the cheek. ]
တခါတလေ ကိုယ့်ကို မစောင့်နိုင်တော့ဘဲ သူ တစ်ယောက်တည်း လမ်းလျှောက်သွားခဲ့ရင်
သူနားကို အသာလေးကပ်သွားပြိး…. သူ့ပါးကို “ပြွတ်” ခနဲ ‘ခိုး’ နမ်းလိုက်မယ်…..
When she’s scared
[assure her you're not goin to leave her ]
သူတစ်ခုခုကို ကြောက်နေတဲ့အခါ….
“မေရာ ….. မေ့ဘေးနားမှာ မောင်အမြဲတမ်းရှိနေမှာပါ…….”
When she lays her head on your shoulder
[ tilt your head too..and hold her hand ]
ရုပ်ရှင်ကြည့်တဲ့ အခါတွေလိုပေါ့….
သူ က ကိုယ့် ပုခုံးလေးပေါ် လာ ‘မှီ’ တဲ့ အခါ
ကိုယ်ကလည်း သူ့ခေါင်းလေးပေါ်ပြန် ‘မှီ’မယ်….
သူ့လက်ခလေးကို သာသာ လေးဆုပ်ကိုင်ပြီး အကြင်နာတွေပေးမယ်ကွာ…
ဟိုက်ရှားပါး!!
When she steals your favorite hat
[ let her keep it]
အကယ်၍ သူက ကိုယ့်အကြိုက်ဆုံး ပစ္စည်းတစ်တစ်ခုကို ခိုးသွားရင်တောင်
ယူပါစေဆိုပြီး ထားလိုက်မှာပေါ့… ဟဲဟဲ…. ” ဒါမှ သူပြန်ပေးမှာပေါ့ ငတုံးရ”
When she teases you
[ Tease her back and make her laugh ]
သူ ‘စ’ ရင် ကိုယ် ပြန် ‘စ’ မှာပေါ့…..
ခက်တာက သူက ရုပ်တည်နဲ့ နေသလိုပဲ…. ဒါလည်းနောက်တာနော်…. မကျေနပ်ရင် !@#!$!%!
When she looks at you with doubt
[ Back yourself up ]
သံသယနဲ့တော့ မကြည့်ပါနဲ့…
ကိုယ့်ကိုယ် သူများတွေက သံသယနဲ့ ကြည့်ရင် ကိုယ်မကြိုက်ဘူးမဟုတ်လား
When she says that she likes you
[ she really does more than you could understand ]
မိန်းခလေးတစ်ယောက်က မင်းကို ချစ်တယ်လို့ ပြောလာရင်
သူပြောတာထက်မင်းကို ပိုချစ်တယ် ဆိုတာ မင်းမသိရင်တော့ မင်းဟာ ငတုံးပဲ!
When she bumps into you
[ bump into her back and make her laugh ]
တခါတလေ ကျွန်တော် က သူ့ကို ကိုရီးယားကား ထဲကလို ‘စ’ ချင်တယ်….
မိန်းခလေးက ကိုယ့်ကို ချစ်စနိုးနဲ့ ခပ်နာနာ ထိုးလိုက်တဲ့အခါ…
ကိုယ်ကလည်း ‘ဆတ်’ ခနဲ ပြန်ထိုးပြီး…. မသိချင်ယောင်ဆောင်လိုက်ချင်တယ်…….
When she tells you a secret
[ keep it safe and untold ]
စိတ်ချပါ…. ငါက မင်းရဲ့ အရင်းနှီးဆုံး လူသားတစ်ယောက်ပါ….
မင်းရဲ့ အရေးကြီး ကိစ္စတွေ ငါပါ ကူပြီးဖြေရှင်းပေးရမှာ ဖြစ်သလို…
မင်းရဲ့ ခံစားချက်တွေကို လည်း ကူပြီး ခံစားပေးရမှာပါ…..
ငါ့ အတွက် အရေးကြီးဆုံးလူက အရေးတကြီးနဲ့ ပြောတဲ့ကိစ္စတွေကိုငါ့ အတွက် အရေးမကြီးတဲ့ လူတွေကို အဲဒါတွေသွားပြောရင်
ငါဟာ တော်တော် အသုံးမကျတဲ့ သူပဲနော်……